
Lonely tree
Originally uploaded by Franklin T..
မနေ့ကတော့ သူငယ်ချင်း သုံးယောက် စုပြီး Palm Springs ဖက်ကို ထွက်ဖြစ်ခဲ့ကြတယ်... ကျနော်ကတော့ တချိန်က မရိုက်လိုက်ရတဲ့ လေပန်ကာတွေကို ရိုက်ရကောင်းပါရဲ့ ဆိုပြီး အားခဲထားခဲ့တာပေါ့... Palm Springs ကနေ ပြန်လာချိန်မှာ သူငယ်ချင်းက လိုက်ပြလို့ လမ်းတစ်ဝက်မှာ အထီးကျန်သစ်ပင်လေး ရှိတဲ့ နေရာကို ရောက်ခဲ့ရပါတယ်... သူ ပြချင်တာက အဲဒီနားက ကျောက်ဆောင်တွေ.. တောင်ကုန်းတွေ.. ကန္တာရပန်းပင်တွေပေါ့... ကျနော် တကယ်တမ်း ရိုက်ဖြစ်ခဲ့တာကတော့ အထီးကျန်သစ်ပင်လေး ရဲ့ ပုံလောက်ပါပဲ... တခြားနေရာတွေ လှည့်ပတ်မရိုက်ရသေးခင်မှာပဲ park ranger က လာပြောလို့ မဝင်ရဆိုတဲ့ နေရာကို ဝင်မိရက်သား ဖြစ်နေတာကြောင့်.. ပြန်ထွက်လာခဲ့ရပါတယ်...
လေပန်ကာတွေပုံကတော့ မရလိုက်ခဲ့ပြန်ပါဘူး... ရာသီဥတုကလဲ ခပ်မှိုင်းမှိုင်း.. ကားပေါ်က ဆင်းလိုက်မိတဲ့ နေရာကလဲ ဘယ်လိုမှ သေချာ ရိုက်မရတဲ့ နေရာ ဖြစ်နေတာမို့.. နောက်ဆုံး လက်လျှော့ပြီး.. Palm Springs က Outlet mall မှာ Omega, Rado နာရီတွေ သွားပြီး သွားရည်ယို ပြန်လာခဲ့ပါတော့တယ်... :P
Sunday, February 22, 2009
Lonely tree
Posted by
Gu Gu
at
1:12 PM
Labels: Photography
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment