
Parallel
Originally uploaded by Franklin T..
ဒီနေ့တော့ နဂိုထဲက စိတ်ကူးရှိထားခဲ့တဲ့.. Palm Springs က လျှပ်စစ်ဓါတ်အားထုတ် လေပန်ကာတွေကို ဓါတ်ပုံရိုက်ဖို့.. သူငယ်ချင်း တစ်ယောက်နဲ့ အတူ ထွက်လာခဲ့တယ်... အိပ်ယာထ နောက်ကျတာက တစ်ကြောင်း.. နေ့လည်စာ ဝင်စားလိုက်မိတာက တစ်ကြောင်းကြောင့်.. Palm Springs ဖက်ကို တစ်ကယ်တမ်း ထွက်လာချိန်မှာတော့.. တော်တော်ကို နောက်ကျနေပါပြီ...
ဆောင်းရာသီမို့ နေဝင်တာကလဲ စောတော့.. Cabazon ကို ရောက်တဲ့ အချိန်လောက်မှာပဲ.. လေပန်ကာတွေကို မြင်နေရကာမှ.. နေရောင်သိပ်မကျန်တော့လို့ ဘာဓါတ်ပုံမှ မရလိုက်ပါဘူး... နောက်ဆုံး စိတ်ပျက်လက်ပျက်နဲ့ ကားလမ်းဘေးကနေ ဆင်း.. အဲဒီနားက ရထား သံလမ်းနဲ့ တခြား ရှုခင်းလေးတွေကိုပဲ ဓါတ်ပုံ ရိုက်ခဲ့ရပါတော့တယ်...
ဓါတ်ပုံလေးကို “မဆုံနိုင်ခြင်းများ” လို့ ခေါင်းစဉ်လေး ပေးလိုက်ပါတယ်...
Sunday, December 28, 2008
မဆုံနိုင်ခြင်းများ
Posted by
Gu Gu
at
11:39 PM
Labels: Photography
Subscribe to:
Post Comments (Atom)
1 comments:
ခေါင်းစဉ်ကိုခံစားပြီး ဓာတ်ပုံလေးကို ကြည့်ရတာ လွမ်းသွားပီ တော်ပီ ဘယ်မှထွက်ချင်တော့ဘူး အိမ်မှာပဲအိပ်နေတော့မယ် :P
Post a Comment