ဒီတပတ် သောကြာနေ့ ဂျူလိုင်လ ၄ ရက်နေ့က Almansor Park မှာ အမေရိကန် ပြည်ထောင်စု ရဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မီးရှူးမီးပန်းတွေ အလှပြတာကို သွားကြည့်ဖြစ်ခဲ့ပါတယ်... တစ်နိုင်ငံလုံး နေရာအနှံ့ ဒီလို မီးရှူးမီးပန်း အလှပြတာတွေ လုပ်ကြ၊ မိသားစုလိုက် ပန်းခြံတွေ ပင်လယ်ကမ်းခြေဖက်တွေမှာ သွားကြည့်ကြ၊ အိမ်မှာ ခင်မင်ရင်းနီးတဲ့ မိတ်ဆွေတွေ ဆွေမျိုးတွေ ဖိတ်ပြီး အသားကင်တွေ လုပ်စားကြတဲ့ နေ့တနေ့ပါပဲ...
Almansor ပန်းခြံကို ရောက်တော့ ကားတွေနဲ့ ပိတ်ကျပ်နေပြီး.. မီးရှူးမီးပန်းတွေတောင် ဖေါက်နေကြပြီပေါ့... ၁၅ မိနစ် လောက်သာ ပြတာမို့ ကမန်းကတမ်း ကင်မရာထုတ်.. ထရိုင်ပေါ့တွေ ထောင်.. အူယားဖားယား ရိုက်ရတာပေါ့... ၃ ပုံလောက် ရိုက်ပြီးမှ သိလိုက်ရတာက ညီမက ကျောင်းပရောဂျက်အတွက် ကင်မရာကို ယူသုံးထားတော့ သူ့ပရောဂျက် အတွက် အဖြူမဲဆက်တင် ချိန်ပေးထားတာ ပြန်မပြင်ရသေးမှန်း သိလိုက်ရပါတယ်... ဒီလိုနဲ့ ဟိုချိန်ဒီချိန်လုပ်.. ပြာယာခပ်ပြီး စိတ်တိုင်းကျ ပုံတွေ သိပ်မရခဲ့လိုက်တော့ပါဘူး...
နာမည်က “လွပ်လပ်ရေးရဲ့ သင်္ကေတ” ပါခင်ဗျာ... ကျနော်တို့တတွေ အတွက်ကတော့ မှန်ပုံးထဲက သကြားလုံးကို ကြည့်နေရတဲ့ ကလေးတွေလို့လဲ ခံစားမိပါတယ်...
Sunday, July 06, 2008
Subscribe to:
Post Comments (Atom)

2 comments:
"ကျနော်တို့တတွေ အတွက်ကတော့ မှန်ပုံးထဲက သကြားလုံးကို ကြည့်နေရတဲ့ ကလေးတွေလို့လဲ ခံစားမိပါတယ်..."
ကောင်းလိုက်တဲ့ တင်စားချက်ဗျာ
“ကျနော်တို့တတွေ အတွက်ကတော့ မှန်ပုံးထဲက သကြားလုံးကို ကြည့်နေရတဲ့ ကလေးတွေလို့လဲ ခံစားမိပါတယ်..."
ကောင်းတယ်ဗျာ မျက်စိပွင့် နားပွင့် စားချင်နေတာလူမှန်းသိတက်စထဲကပေါ့ ။ပြောရင်တော့ အများကြီးပဲ မပြောတော့ပါဘူးလေ သိတယ်ဟုတ် :)
Post a Comment